26 C
Yangon

အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေ

Must read

အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကျေးရွာများမှာ အိမ်ခြေ ၃၀ ရှိသော စည်ပင်သာရွာ ၊ အိမ်ခြေ ၁၀၀ ကျော်ရှိသော ရွာသစ်ရွာ၊ ချောင်းကန့်ရွာ၊ ရွာကြီးအထက် အမှတ် (၂) ရွာ ၊ အိမ်ခြေ ၂၀၀ ကျော်ရှိသော ရွာကြီးအထက် အမှတ် (၁) ရွာ၊ ကံခေါင်း အိုးစားရွာ၊ ဟက်ပုံး အိုးစားရွာ၊ တုံးလည်တောင်ပို့ကြီး အိုးစား ရွာ၊ အိမ်ခြေ ၃၀၀ ကျော်ရှိသော ရေတန်းရွာနှင့် ဇရပ်ကြီးရွာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် လက်ရှိချိန်ထိ လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“အဲရွာတွေက တကယ် နွမ်းပါပြီး အလှူရှင်မရောက်တဲ့ ရွာတွေပါ။ အဲ့ဘက်တွေကို နိုင်သလောက် ကူပို့ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article