26 C
Yangon

တောင်ငူခရိုင်၊ KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့် ကျေးရွာများသို့ ကူညီရေး ပစ္စည်းများ သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

Must read

တောင်ငူခရိုင်၊ KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့် ကျေးရွာများသို့ ကူညီရေး ပစ္စည်းများ သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ပဲခူးတိုင်း၊ တောင်ငူခရိုင်းအတွင်း KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေ ဘေးသင့် ကျေးရွာများကို ကူညီရေးပစ္စည်းများ သွားရောက်လှူဒါန်းလျှင် ဖမ်း ဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက အလှူရှင်၊ ပရဟိတနှင့်လူမှုရေးအဖွဲ့များကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လာကြောင်း ရေဘေးအတွက် သွား ရောက် လှူဒါန်းနေသည့် တောင်ငူအခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တောင်ငူမြို့သို့ လာရောက်ကြသည့် ရေဘေးကူညီရေး ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် လူမှုရေးအသင်းများကို ဒေသအာဏာ ပိုင်များနှင့် ချိတ်ဆက်၍ ကူညီမှုများ လုပ်ဆောင်ကြရန်၊ တောင်ငူအခြေစိုက် ပရဟိတနှင့်လူမှုရေးအဖွဲ့များကလည်း ရပ်ဝေးမှလာသော အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ကူညီမှုများ လုပ်ဆောင်ကြပါက စစ်ကောင်စီ၏ တာဝန်ရှိသူများထံသို့ အကြောင်းကြားကြရန် အမိန့်ပေးညွှန်ကြားကြောင်း၊ အထူးသဖြင့် တောင်ငူခရိုင်အတွင်း KNU နှင့် PDF စိုးမိုးသော နယ်မြေများမှ ရေဘေးသင့် ကျေးရွာများသို့ လုံး၀ သွားရောက်၍ ကူညီမှုများ ဆောင်ရွက်ခြင်းမပြုကြရန်၊ အကယ်၍ ယင်းဒေသမှ ကျေးရွာများကို ကူညီသည်ဟု စစ်ဆေးတွေ့ရှိရပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း ပေါ်ပေါ်တင်တင် ခြိမ်းခြောက် ပြောဆိုလာကြောင်း သိရှိရသည်။

“တောင်ငူအတွင်းပိုင်း PDF စိုးမိုးတဲ့နေရာတွေကို ဆန်၊ ဆီ၊ ဆေးဝါး၊ ငါပိ၊ ငါး ခြောက်၊ ကြက်သွန် အဲဒီ ၆ မျိုး လုံး၀ သယ်ခွင့်မပေးဘူး။ အဲဒီပစ္စည်းတွေ သယ်ရင် သိမ်းဆည်းတယ်၊ ဖမ်းပါတယ်။ KNU နဲ့ PDF စိုးမိုးတဲ့ ရေဘေးသင့် နယ် မြေတွေကို လုံး၀(လုံး၀) ကူညီတာ မလုပ်ရဘူး။ လုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ကို ဖမ်းဆီးမယ်လို့ကို ခြိမ်းခြောက်ပါတယ်” ဟု တောင်ငူမှ ပရဟိတအဖွဲ့တာဝန်ရှိသူက ရှင်းပြသည်။

ယင်းအပြင် KNU နှင့်PDF စိုးမိုးသော နယ်မြေများအတွင်းသို့ စားနပ်ရိက္ခာများ ယူဆောင်ခွင့် မရှိသည့်အပြင် စက်သုံးဆီ၊ စားသုံးဆီနှင့် အသက်ကယ်လှေများ၊ အသက်ကယ်အင်္ကျီများ ယူဆောင်သွားခွင့် စစ်တပ်က ပိတ်ပင်ထားကြောင်း၊ စစ်ရေးတင်းမာနေသော နယ်မြေများသို့သွားလာ၍ ဖမ်းဆီးရရှိလျှင် အရေးယူခံရမည်ဟုပါ စစ်တပ်က ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ငူမြို့နယ်၊ပဒဲကျေးရွာတွင် စက်တင်ဘာလ ၁၃ ရက်နေ့က ရေကြီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article