29 C
Yangon

အမေရိကန်နှင့် အီတလီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ထားရှိရေး ပြည်ပရောက် မြန်မာများ ဆန္ဒပြတောင်းဆို

Must read

အမေရိကန်နှင့် အီတလီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ထားရှိရေး ပြည်ပရောက် မြန်မာများ ဆန္ဒပြတောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၃

အမေရိကန်ပြည်ထောင်စုနှင့် အီတလီနိုင်ငံတို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ထားရှိရေး ပြည်ပရောက် မြန်မာများ ဆန္ဒပြတောင်းဆိုကြကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနွယ်ဖွား တိုင်းရင်းသားပြည်သူလူထု မှ ဆန္ဒထုတ်ဖော်ပွဲကျင်းပ ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ ၇၉ ကြိမ်မြောက်အထွေထွေညီလာခံမှ “ မြန်မာပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး လူထုကိုယ်စားပြု သံ အမတ်ကြီးဦးကျော်မိုးထွန်းကိုသာလျှင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုသံအမတ်အဖြစ် ဆက်လက် အသိအမှတ်ထားရှိရေး” အတွက် Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmar’s Voice ခေါင်းစဉ်ဖြင့် မြန်မာနွယ်ဖွားများ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ထိုဆန္ဒထုတ်ဖော်ပွဲကို မြောက်ပိုင်းကယ်လီဖိုးနီးယား ၏ ဒေသကြီး ၄ ခု ဖြင့်ဖွဲ့စည်းတည်ထောင်ထားသော Free Burma Action Committee- Northern California က ဦးစီးကျင်းပရာ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ အီတလီနိုင်ငံ ရောမမြို့နှင့် မီလန်မြို့တို့တွင်လည်း ရေဘေးသင့် ပြည်သူများကို ကူညီရေး ရန်ပုံငွေ ရှာဖွေရေးပွဲများ နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article