26 C
Yangon

မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာတွင် တောင်ကျချောင်းရေဖြင့် အိမ်ခြေ ၂၀၀ ကျော် မျောပါ ပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ လူဦးရေ ၂၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲများ ကြုံနေရ

Must read

မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာတွင် တောင်ကျချောင်းရေဖြင့် အိမ်ခြေ ၂၀၀ ကျော် မျောပါ ပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ လူဦးရေ ၂၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲများ ကြုံနေရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာတွင် တောင်ကျချောင်းရေဖြင့် အိမ်ခြေ ၂၀၀ ကျော်မျောပါ ပျက်စီးသွားပြီး ပြည်သူ ၁ ဦးသေဆုံးကာ လူဦးရေ ၂၀၀၀ ကျော် စားဝတ်နေရေးအခက်အခဲများကြုံနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာအတွင်းသို့ တောင်ကျချောင်းရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး အိမ်ခြေ ၂၀၀ ကျော် မျောပါသွားကြောင်း၊ တောင်ကျချောင်းရေနှင့်အတူ ကျေးရွာသား တစ်ဦးမှာလည်း မျောပါသွားပြီး သေဆုံးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးများလိုအပ်နေပြီး ရေဘေးသင့် ပြည်သူ ၂၀၀၀ ကျော်မှာလည်း စားဝတ်နေရေး အခက်အခဲများ ကြုံနေရကြောင်း သိရှိရသည်။

“သေဆုံးသူက ၁ ဦးရှိပါတယ်။ အိမ်ခြေ ၂၆၀ ကျော်ရှိတဲ့အထဲမှာ အိမ်ခြေ ၂၀၀ ကျော်က တောင်ကျချောင်းရေနဲ့ မျောပါသွားတယ်။ အိမ်ခြေ ၅၀ ကျော်ကတော့ အစိတ်အပိုင်းအလိုက် ပျက်စီးတယ်။ အခုကတော့ ၁၀ ရက်ကျော်လာပေမယ့် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဖုံသာချောင်းကျေးရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းတွင် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်အတွင်း ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ပြီး တောင်ကျချောင်းရေကြောင့် ကျေးရွာများ ပျက်စီးမှုများရှိကြောင်း၊ လက်ရှိတွင် ဒေသပြည်သူများအချင်းချင်း ကူညီရေးနှင့် ကယ်ဆယ်ရေး များလုပ်ဆောင်နေရကြောင်း သိရှိရသည်။

လတ်တလော စာရင်းများအရ မင်းပြားမြို့နယ်အတွင်းရှိ ကိုင်ကြီးကျေးရွာတွင် ရေကြီးမှုကြောင့် ပျက်စီးသွားသော အိမ်ခြေ ၁၂ လုံး၊ ကျေးမကြီးကျေးရွာတွင် ၃၅ လုံး ၊ ကျေမချေ ကျေးရွာတွင် ၉ လုံး ၊ ကြွီချောင်းတွင် ၁၂ လုံး၊ ပြင်းချောင်းတွင် ၁၆ လုံး၊ ပြင်း၀တွင် ၃၃ လုံး၊ သရက်အုပ်တွင် ၁၇ လုံး၊ င/လင်ကြီးတွင် ၁၃ လုံး၊ နတ်ထောင့်ရွာသစ်တွင် ၁၆ လုံး၊ ရွာသာယာတွင် ၃ လုံး၊ နတ်ထောင့်ရွာဟောင်းတွင် ၅၇ လုံး၊ အောက်ခချီမြောင်တွင် ၁၅ လုံး၊ အထက်ခချီမြောင်တွင် ၁၅ လုံး စုစုပေါင်း အိမ်ခြေ ၂၆၀ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article