27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်း ၊ တောင်ငူခရိုင်အတွင်းက KNU နဲ့ PDF စိုးမိုးတဲ့ နယ်မြေတွေက ရေဘေးသင့် ကျေးရွာတွေကို ကူညီရေး ပစ္စည်းတွေ သွားလှူရင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါ အကြမ်းဖက် စစ်ကောင်စီက ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လာတယ်လို့ ရေဘေးအတွက် သွားရောက်လှူဒါန်းနေတဲ့ တောင်ငူအခြေစိုက် ပရဟိတ အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်တိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ စစ်တပ်လက်အောက်ခံ စစ်သင်တန်းဆင်း အေးကျော်လို့ခေါ်တဲ့ ၀ူခန်း ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင် ဖမ်းဆီးရရှိထားပြီး ၊ စစ်ဆေးချက်တွေအရ မိန်းကလေး ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ထားသူဖြစ်နေတယ်လို့ မုံရွာ-ပလဖ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
  • စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက လူငယ်တွေအပါအဝင် အရပ်သားပြည်သူ တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီး ၊ ပြည်သူ အယောက် ၅၀ နီးပါးလည်း ဖမ်းဆီးခံလိုက်ရသလို ၊ စစ်သင်တန်းတက်ဖို့ တစ်ခါတည်း ခေါ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article