25 C
Yangon

ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်၍ ဘုန်းတော်ကြီးကျောင်းမှ ဘုရားငွေများ အပါအ၀င် တစ်ရွာလုံးရှိ ရိက္ခာနှင့် ငွေကြေးများကို ယူဆောင်သွား

Must read

ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်၍ ဘုန်းတော်ကြီးကျောင်းမှ ဘုရားငွေများ အပါအ၀င် တစ်ရွာလုံးရှိ ရိက္ခာနှင့် ငွေကြေးများကို ယူဆောင်သွား

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်၍ ဘုန်းတော်ကြီးကျောင်းမှ ဘုရားငွေများ အပါအ၀င် တစ်ရွာလုံးရှိ ရိက္ခာနှင့် ငွေကြေးများကို ယူဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ စခန်းသိမ်း တိုက်ပွဲကို စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျွဲသေချောင်းကျေးရွာကို သေနတ်ပစ်ခတ် စီးနင်းပြီး ဘုန်းတော်ကြီးကျောင်းအပါအ၀င် တစ်ရွာလုံးကို မွှေနှောက်ကာ ငွေကြေးနှင့် အ၀တ်အစားများ ယူဆောင်သွားကြောင်း သိရှိရသည်။

“ကျွဲသေချောင်း ဘုန်းကြီးကျောင်းက ဘုရားငွေတွေပါ ယူသွားကြတာ၊တစ်ရွာလုံးကအိမ်တွေလည်း အကုန်လုံးပဲ ၀င်မွှေကြတာပဲ၊ပိုက်ဆံစုဘူးတွေရော၊TV ၊ဆိုလာပြား၊အ၀တ်အစား အကုန်ပဲ၊သူတို့ အ၀တ်အစားနဲ့ဖိနပ်တွေကြ ချွတ်ထားခဲ့ကြတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျွဲသေချောင်းရွာကို စတင် ၀င်ရောက်ချိန်၌ သေနတ်များ ရမ်းသမ်း ပစ်ခတ်ပြီး ၀င်ရောက် စီးနင်းသောကြောင့် ဘုန်းတော်ကြီးများ ထွက်ပြေး တိမ်းရှောင်သွားပြီး ကျွဲသေချောင်းရွာ ဘုန်းတော်ကြီးကျောင်းမှ ဘုရားငွေ ကျပ် ၁၀ သိန်း၀န်းကျင်ကို ဘုရားဆောင်အတွင်း မှန်ဗွီရိုကို ရိုက်ဖွင့်ပြီး ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် ကျေးရွာနေ အမျိုးသားတစ်ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကိုမျိုးဦးတဲ့ သတ်ခံရတဲ့လူက အသက်က ၅၀ ကျော်လောက်ရှိပြီ ကျွဲသေချောင်းကပဲ သူကဟိုကောင်တွေ (စစ်ကောင်စီတပ်)မရှိလောက်ဘူးထင်ပြီး ထမင် သွားစားတာ အိမ်ရှေ့မှာတင်သတ်ခံလိုက်ရတာ” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်သတ်သွားသော ကိုမျိုးဦး၏ ရုပ်အလောင်းကို ဒေသပြည်သူများက စက်တင်ဘာလ ၂၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက ဘုတလင်နယ် ကူတော်ရွာရဲစခန်းကို ရောက်ရှိသွားပြီး တချို့ စစ်ကောင်စီ တပ်သားများသည် ဘုတလင်ဘက်ကို ပြန်ထွက်လာသောကြောင့် ဒေသတွင်း ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article