26 C
Yangon

သီပေါမြို့ နယ်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ

Must read

သီပေါမြို့ နယ်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်ကြည်တာ၊ အသက် ၂၁ နှစ်အရွယ် မောင်ဂူသာ၊ အသက် ၅၀ နှစ် အရွယ် ဒေါ်မာလေး နှင့် အသက် ၇၇ နှစ် အရွယ် ဒေါ်အေနွန်တို့ မြေးအဖွား ၄ ဦး လုံး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါဝင် အမျိုးသား ၃ ဦး၏ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နှင့် လက်မောင်း တို့တွင် ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

နားလွယ်ကျေးရွာရှိ နေအိမ် ၁၀ လုံး ထက်မနည်းလည်း ထိခိုက် ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးလည်း ကျန်ရှိနေသေးကြောင်း၊ အလားတူ ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံး အလုံး၂၀ ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီး ဒေသ ပြည်သူလူထုများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြကြောင်းTNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article