26 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့ အခြေစိုက် အကြမ်းဖက် ရဲလေ့ကျင့်ရေး ကျောင်း အမှတ် ၃ ကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်း ၁၅ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက Jammer များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ဒရုန်း ၄ စီးနှင့်အတူ ဗုံးသီး ၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရည်ရွယ်ထားသည့် ပစ်မှတ်များကို ဒရုန်းဗုံးသီး ၁ လုံးကို ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့နယ်၊ အုန်းတော ကျေးရွာတွင် အခြေစိုက်သည့် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ တပ်ရင်း ၆၀၀၅ ကို ဒရုန်း ၇ စီးဖြင့် အကြမ်းဖက် စစ်တပ်၏ အဆောက်အဦးများကို ပစ်မှတ်ထား၍ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး သတင်း အတိအကျ အတည် မပြုနိုင်သေးကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article