28 C
Yangon

မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးပျောက်ဆုံးနေပြီး သိန်းနှင့်ချီသော ပြည်သူများ ရေဘေးဒဏ် ခံစားနေရဟု NUG အစိုးရ ထုတ်ပြန်

Must read

မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးပျောက်ဆုံးနေပြီး သိန်းနှင့်ချီသော ပြည်သူများ ရေဘေးဒဏ် ခံစားနေရဟု NUG အစိုးရ ထုတ်ပြန်

■ စစ်တပ်က ကယ်ဆယ်ရေး ပစ္စည်းများက ဖြတ်တောက် ပိတ်ဆို့နေ၍ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးပျောက်ဆုံးနေပြီး သိန်းနှင့်ချီသော ပြည်သူများ ရေဘေးဒဏ် ခံစားနေရဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ရေဘေးဒဏ်သင့် ပြည်သူများထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊ တပ်ရင်းစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များသည် စိုးမိုး ထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ငွေသား၊ ရိက္ခာခြောက်များ ပေးပို့ပေးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article