28 C
Yangon

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ဆွာ မြို့၊ ရွာသစ်ကျေးရွာ၌ ၄ လကျော် ကြာတပ်စွဲနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြေပြင်အဖွဲ့များမှလည်း အနီးကပ် ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးခန့်သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေတာရှည်စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ကီးကူစစ်ကြောင်းအပါအဝင် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကီးကူစစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article