30 C
Yangon

ချင်းပြည်နယ်တွင် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူရေး ကူညီသော မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဟု PDF Zoland က သတိပေး ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ချင်းပြည်နယ်တွင် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူရေး ကူညီသော မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း PDF Zoland က တရားဝင် သတိပေး ကြေညာလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အိမ်ထောင်စု စာရင်း၊ သန်းခေါင်စာရင်း များ ကောက်ယူရန် ကြေညာချက် ထုတ်ပြန်လာကြောင်း၊ အဆိုပါ ကြေညာချက်အား ZFU/PDF Zoland မှာ လုံးဝ ကန့်ကွက်ကြောင်း ကြေညာထားသည်။

အများပြည်သူ အကျိုးအတွက်မဟုတ်ဘဲ စစ်တပ် အာဏာ သက်ဆိုးရှည်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရန် အဓမ္မကြိုးပမ်းခြင်းသာ ဖြစ်သည့်အတွက် ချင်းပြည်နယ် (Zogam) အတွင်း အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို အားပေး၊ ကူညီသည့် မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း ZFU/PDF Zolandက သတိပေးထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မုံရွာတွင် စစ်တပ်၊ ရဲနှင့် လ၀က သန်းခေါင်းစာရင်း စမ်းသပ်ကောက် ယူနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာတွင် စစ်တပ်၊ ရဲနှင့် လ၀က သန်းခေါင်းစာရင်း စမ်းသပ်ကောက် ယူနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article