32 C
Yangon

ပေါက်မြို့နယ်၊ ဘုရားတောင် ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါးပျံလွန်တော်မူပြီး ဘုန်းကြီးကျောင်းပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဘုရားတောင်ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို အကြမ်းဖက် စစ် ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးပြီး သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၂ မိနစ်အချိန် ပေါက်မြို့နယ်၊ နဂါးပွတ်ကျေးရွာ အရှေ့ဘက်လယ်ကွင်းပြင်ထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၄ လုံးကျဲ ချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ အလားတူ ဘုရားတောင်ဘုန်းကြီးကျောင်းကို ဗုံးသီး ၃ လုံး ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“ဖိုက်တာနဲ့ ၄ ကြိမ် တိုက်ခိုက်သွားတာ၊ ဘုရားတောင်ရွာဘုန်းကြီးကျောင်းထဲကို ကျတာက ဘုန်း ကြီး တစ်ပါး ပျံလွန်တော်မူတယ်။ ကျောင်းဆောင်ကြီးပေါ်ကျတာ၊ ကျောင်းဆောင်လည်း ပျက်စီး သွားတယ်။ ရွာထဲက မိန်းလမ်းပေါ်မှာလည်း ကျတယ်။ အိမ်တွေပျက်စီးတာရှိတယ်။ ရွာထဲကကို လည်း စက်လက်တစ်ကြိမ်ဆွဲပြီး ပစ်သွားတယ်။ ရွာသူရွာသားတွေကတော့ တိမ်း ရှောင်နေကြရ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ မှ ၁၂၂ မမ လက်နက်ကြီးဖြင့် ဟောင်ဝှစ်ဇာ ၃ လုံးနှင့် ပေါက်မြို့ ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် တစ်လုံး ရမ်းသမ်းပစ် ခတ်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေမှု ကြောင့် ဒေသနေပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ရဲခြင်းမရှိဘဲ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article