33 C
Yangon

ပြည်သူ ၂ ဦးသေဆုံးခဲ့သော လားရှိုးမြို့ ပေါ်သို့ စစ်တပ်က ပေါင် ၅၀၀ နှင့် ပေါင် ၂၀၀ ဗုံး ၁၅ လုံး ကျဲချမှု မြို့မစျေးဆိုင်ခန်း၊ နေအိမ်နှင့် အဆောက်အအုံ ပျက်စီးမှု အလွန်များပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ပြည်သူများနေထိုင်သော နေရာများကို စစ်တပ်က ပေါင် ၅၀၀ နှင့် ပေါင် ၂၀၀ ဗုံး ၁၅ လုံး ကျဲချခဲ့ရာ လားရှိုး မြို့မစျေးနှင့် အဆောက်အအုံ ပျက်စီးမှု အလွန်များပြားကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း MNDAA ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်မှ နံနက် ၃ နာရီ ၅၀ မိနစ်အထိ အကြမ်းဖက်စစ်တပ်က လားရှိုးမြို့ကို ဗုံးကျဲချခဲ့ရာ လားရှိုး ရပ်ကွက် ၂ မြို့မစျေးကြီး ၊ အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် ၁ ရှိလူနေရပ်ကွက်တို့ တွင် ဗုံးများပေါက်ကွဲခဲ့ကြောင်း၊ ဗုံးကျဲမှု ၃ ကြိမ်အတွင်း အရပ်သား ၂ ဦး သေဆုံးကာ အရပ်သား ၆ ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများအနက်မှ ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိကာ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်ကောင်စီက ဗုံးကျဲချသော နေရာများသည် လားရှိုးမြို့ မြို့မဈေးကြီး၊ ရပ်ကွက် ၁ နယ်မြေ၊ ရပ်ကွက် ၂ Green Park ဟိုတယ်အနီးဖြစ်ကြောင်း၊ တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ၊ ပေါင် ၂၀၀ အပါအဝင် အနည်းဆုံး ဗုံး ၁၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ နေအိမ်၊ အဆောက်အဦးများစွာ ပျက်စီးခဲ့ရပြီး ပေါင် ၅၀၀ ဗုံး ၃ လုံး ထိမှန်ခဲ့သော မြို့မဈေးကြီးအတွင်းတွင် ဆိုင်ခန်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

default
default
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article