32 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပါဝင်ကူညီသူ အားလုံးကို အရေးယူမည်ဟု တိုက်နယ် ၃ ပကဖ က အသိပေး

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပါဝင်ကူညီသူ အားလုံးကို အရေးယူမည်ဟု တိုက်နယ် ၃ ပကဖ က အသိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပါဝင်ကူညီသူ အားလုံးကို အရေးယူမည်ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ်- ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ္တရာမြို့နယ် တိုက်နယ်- ၃ အတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ကူညီပါဝင်သော မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် မိုးကြိုးစစ်ကြောင်း တိုက်နယ်-၃ ပကဖ က အသိပေး ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ အိမ်ထောင်စုစာရင်း ၊ သန်းခေါင်စာရင်းများ ကောက်ခံမည်ဟု ထုတ်ပြန်ထားကြောင်း၊ အဆိုပါကောက်ခံမှုကို လူအား စိတ်အားဖြင့် ပါဝင် အားပေး ကူညီသူ မှန်သမျှကို မိုးကြိုးစစ်ကြောင်းမှ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်ဖို့ ကြိုးစားခဲ့ကြတယ်။ ၄ နှစ်တာမှာ ခရီးလည်း ရောက်တန်သလောက်ရောက်ခဲ့ပြီ ဒီအချိန်ကျမှ ဒီလိုသန်းခေါင်စာရင်းကိစ္စကို ထကူညီရင် ဒီလူဟာ တော်လှန်ရေးတစ်ရပ်လုံးကို မထီမဲ့မြင်ပြုတာလို့မြင်ပါတယ်။ ပြင်းပြင်းထန်ထန်လည်းအရေးယူပါ့မယ်။ PDF တွေ နိုင်ငံရေးအရ ဆွေးနွေးပါလို့ ခေါ်ပြီး တော်လှန်သူတွေကို မျက်နှာမမူတဲ့ ဒီထုတ်ပြန်မှုကိုလည်း လုပ်ပြန်တယ်။ မီးစာတဖက် ရေမှုတ်တဖက်စိတ်ဓာတ်မျိုးနဲ့ စစ်ကောင်စီ အကြမ်းဖက်ထံကို သွားရောက်အားပေးကူညီပူးပေါင်းမယ်ဆိုရင် ဒါဟာ ၄ နှစ်တာခရီးရှည်ခရီးကြမ်းကို မနားတမ်းအားထုတ်ကြိုးစားလာခဲ့တဲ့ တော်လှန်လူထုကို တံတွေးနဲ့ထွေးတဲ့လုပ်ရပ်မို့ အပြင်းအထန်ရှုံ့ချပါတယ် သိရှိခဲ့ရင်လည်းအရေးယူသွားပါမယ်။ စစ်ကောင်စီအဓွန့် ရှည်စေရန် ပြုမူသော မည်သည့်အပြုအမူကိုမျှ ခွင့်မပြုပါ” ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ်- ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article