မြိုင်မြို့နယ် တွင်းမရွာ မှ ပခုက္ကူသို့ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၉
မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ် တွင်းမရွာ မှ ပခုက္ကူသို့ပြန်လည်ဆုတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ၏ စစ် ကြောင်းကို ညောင်ဂျစ်ပင်ရွာအထွက်လမ်းတွင် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၅ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သားများသည် ကမ္မ-ပခုက္ကူလမ်းပိုင်း ကမ္မအရှေ့ဘက် ညောင်ဂျစ်ပင်သို့ ရောက်ရှိလာပြီး ညောင်ဂျစ်ပင်မှ ထပ်မံထွက်ခွာရာလမ်းတွင် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ၏ စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BLY ပြည်သူ့ကာကွယ်ရေး ပ.က.ဖ၊ မြိုင် ပ.က.ဖ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။