28 C
Yangon

အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှု ဟန်ပြသာဖြစ်၍ ပယ်ချလိုက်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု NUG နှင့် NUCC ပူးတွဲ ကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

အကြမ်းဖက် စစ်အုပ်စုက “နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှု ဟန်ပြဖြစ်၍ ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ယနေ့ ပူးတွဲ ကြေညာသည်။

NUCC နှင့် NUG တို ပူးတွဲ ဖွဲစည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီက ထိုသို့ သဘောထားကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်ပြီး “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ခေါင်းစဥ် ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲအစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၊ PDF များအား သပ်သျှိဖြိုခွဲရန်နှင့် ၎င်းတိုနှင့် နီးစပ် သော နိုင်ငံတကာအဖွဲအစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ် သာ ဖြစ်ကြောင်း ကြေညာထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ သပ်လျှိဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါရန်လည်း တော်လှန်ရေးအင်အားစုများကို တိုက်တွန်းနှိုးဆော်ကြောင်း၊ စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေး အဖွဲအစည်းများအား အကြမ်းဖက်အဖွဲအစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြိုရွာများအားဗုံးကြဲခြင်း၊ ရွာများအားမီးရှိခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တိုကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်ကြောင်း NUG နှင့် NUCC က ပြောဆိုထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်းမရှိ သကဲ့သို နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာ သိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြု ကြရန် လိုကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာ သိမ်းယူခဲ့သော တရားမဝင်အကြမ်းဖက်အဖွဲအစည်းတခုသာ ဖြစ်ကြောင်း၊ တရားမဝင် အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲစည်းခြင်း စသည်တို လုပ်ပိုင်ခွင့် မရှိသကဲ့သို ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း အသိပေးကြေညာထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးတိုအတွက် နိုင်ငံရေးလမ်းပြမြေပုံ ၁၂ ချက်ကို အမျိုးသားညီညွတ်ရေးsအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ် သကဲ့သို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအားအသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံသကဲ့သို တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း NUG နှင့် NUCC က အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article