27 C
Yangon

သီပေါမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း နှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ် ၁ ဦး အပါ အဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း နယ်စည်းမခြားပရဟိတ (သီပေါ) ထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့နှင့် စက်တင်ဘာလ ၂၉ ရက်နေ့တို့တွင် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ခါလိန်ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာ ခါလိန်ကျေးရွာမှ သေဆုံးသူ ၃ ဦး ၊ သီပေါမြို့နယ်ဓမ္မာရုံတွင် ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း ၊ ဒဏ်ရာရရှိမှုအနေဖြင့် သီပေါမြို့၊ ဇတ်စုရပ်ကွက်တွင် ဒဏ်ရာရရှိသူ ၄ ဦး၊ သီပေါမြို့ စျေးရပ်ကွက်ဘောလုံးကွင်းတွင် ဒဏ်ရာရ ၂ ဦး နှင့် ပန်းတိမ်မြောက်ရပ်ကွက်တွင် ဒဏ်ရာရရှိသူ ၂ ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း သီပေါမြို့၊ ဇာတ်စုရပ်ကွက်နှင့်စျေးရပ် ကွက်ဘောလုံးကွင်းအတွင်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း သိရှိရသည်။

“သီပေါက ဖုန်းလိုင်းတွေ ပြတ်နေတယ်။ ကျနော်ကတော့ ၂၀၂၄ ဖေဖော်ဝါရီလောက်ကတည်းက ထွက်ခွာနိုင်ခဲ့လို့ အခု မန္တလေးမှာပါ။ ကျနော့် အမျိုးတွေနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ အိမ်တွေ မြေတွေ စိတ်မချလို့ နေရစ်ခဲ့တာ။ သူတို့နဲ့က အဆက်အသွယ်ရ တစ်ချက်၊ မရတစ်ချက်ပဲ။ ဖုန်းလိုင်းတွေတော့ အကုန်ပြတ်နေတယ်။ ဆက်သွယ်လို့မရဘူး။ စတားလင့်ရတဲ့ မိတ်ဆွေတွေဆီကနေပဲ သတင်းမေးနေရတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပြီး လက်နက် ကြီးပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေနေ့တိုင်းရှီနေတယ်လို့ သိရပါတယ်” ဟု မန္တလေးတွင် စစ်ဘေးရှောင်နေရသည့် သီပေါမြို့မှ စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သီပေါမြို့နယ်တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article