26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်အုပ်စုက PDF တွေနဲ့ တိုင်းရင်းသားတပ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်မှုဟာ ဟန်ပြသာ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားပယ်ချလိုက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာပဲ ပူးတွဲကြေညာလိုက်ပါတယ်။
  • မန္တလေးမြို့က နန်းတွင်းထဲမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောလှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် အဆောက်အအုံ ၂ လုံးထိခိုက်ပျက်စီးသွားတဲ့အကြောင်းကို သိထားရတယ်လို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား /အကျဉ်းသူ ၁၁ ဦး နဲ့ CDM ရဲ ၁ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article