22 C
Yangon

ရေဦးမြို့နယ်၊ သံသည်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ပြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ပြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး ၁ ဦးကျည်ထိမှန်သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉နာရီအချိန် ရေဦးတိုင်းရင်း ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများသို့ ဦးတည် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်သည် သံသည်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ မခင်မျိုးမြင့် အသက် ၃၉ နှစ်ဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးသူက မခင်မျိုးမြင့်ပါ။ အသက်က၃၉နှစ်ပါ။ မခင်မျိုးမြင့်က သူရဲ့ လယ်ကွင်းထဲမှာ မြက်နုတ်နေတဲ့အချိန် လက်နက်ကြီး ကျပေါက်ကွဲတယ်။ လက်နက်ကြီးအစက ဦးခေါင်းထဲဝင်ပြီး နေရာတင် သေဆုံးသွားရတယ်။ ဘာစစ်ပွဲမှလည်း မဖြစ်ဘူး။ စစ်ကြောင်း ထိုးတာလည်းမရှိဘဲနဲ့ကို စစ်တပ်က လက် နက် ကြီးနဲ့ ပစ်ခတ်တာပါ” ဟု​ သေဆုံးသူ မခင်မျိုးမြင့်၏ ဆွေမျိုးသား ချင်းတစ်ဦးက ပြောဆိုသည်။

ယနေ့တွင် ရေဦးတိုင်းရင်း ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်က ၁၂၀မမ၊ ၈၀မမစသည့် လက်နက်ကြီးများဖြင့် ငြုပ်တုံရွာ၊ သံသည်ရွာများဘက်သို့ ဦးတည် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article