28 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲနေသည့် စစ်ကောင်စီ တပ်သားများ ၎င်းတို့ ဗုံးသီး ပြန်လည် ထိမှန်ပြီး ၆ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဦးတည်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲနေသည့် စစ်ကောင်စီ တပ်သားများ ၎င်းတို့ ဗုံးသီး ပြန်လည် ထိမှန်ပြီး ၆ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဦးတည်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၎င်းတို့ ဗုံးသီး ပြန်လည် ထိမှန်ပြီး ၆ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့နှင့် အောက်တိုဘာ ၄ ရက်နေ့တွင် မူးမြစ် အနောက်ဘက်ကမ်းရှိ ရေဦးမြို့နယ် အောင်သာယာပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မူးမြစ် အရှေ့ဘက်ကမ်း ခင်ဦးမြို့နယ်ရှိ ကျောက်တိုင်ကျီစုရွာနှင့် မုံလှရွာတို့ကို ၂ ရက်ဆက် Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မုံလှကျေးရွာမှ Grade -8 ကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နွား ၂ ကောင်သေဆုံးကာ နွားတင်းကုပ်တဲ ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် မုံလှကျေးရွာကို စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နောက်တစ်ကြိမ် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ တပ်သားများက ဗုံးသီးများပါသော Drone ၁ စီး လွှတ်တင်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Jummer ဖြင့် တန်ပြန်ဆွဲယူမှုကြောင့် Drone မှာ ပြုတ်ကျခဲ့ပြီး ဗုံးသီးများ စစ်ကောင်စီ တပ်သားများပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးကာ ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့ကလည်း မူးမြစ်အ‌ရှေ့ဘက် ခင်ဦးမြို့နယ်ရှိ ကျောက်တိုင်ရွာနှင့် ကျီစုရွာများကို ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မူးမြစ် အနောက်ဘက် အောင်သာယာပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက Drone ဖြင့် ဗုံးသီးများ ကျဲချခဲ့ကြောင်း၊ ထို့ပြင် ခင်ဦးမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဦးမြို့ အနောက်ဘက်ကို စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါင်းနှုတ်နေသည့် အမျိုးသမီး ၁ ဦး ‌သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article