27 C
Yangon

လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲပြန်၊ စစ်တပ်က လူထုကို သတ်ဖြတ်နေသည့်အပြင် သမိုင်းဝင်နေရာ၊ အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်ကို ချိုးနှိမ်စော်ကားနေဟု MNDAA ပြော

Must read

လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲပြန်၊ စစ်တပ်က လူထုကို သတ်ဖြတ်နေသည့်အပြင် သမိုင်းဝင်နေရာ၊ အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်ကို ချိုးနှိမ်စော်ကားနေဟု MNDAA ပြော

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ် ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲချကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် လားရှိုးမြို့ရှိ ကွန်ပျူတာက္ကသိုလ်ကို စစ်ကောင်စီ၏ လေ ယာဉ်များက ဗုံး ၃ ကြိမ်ကျဲချသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုတွင် လတ်တလော သိရှိထားသော သတင်းများအရ လူူထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အဆောက်အုအံများ ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“လူတော့ မထိခိုက်ဘူး။ ကွန်ပျူတာတက္ကသိုလ်ကို ဗုံးကျဲသွားတာ။ နည်းနည်းဝေးလို့ ဓာတ်ပုံတော့ သွားမရိုက်ရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိုးမြို့ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေးဘုံကျောင်းကို ဗုံးကျဲချခဲ့ရာ ယင်းဗုံးကျဲမှုသည် လူထုသတ်ဖြတ်ခြင်း အပြင် သမိုင်းဝင်နေရာများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကားကာ ကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လမှ စတင်၍ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ အပါအဝင် စစ်ကင်းလွတ်ရာ အထူးဒေသ ၁ နယ်မြေများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် လူနေရပ်ကွက်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း MNDAA က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article