26.2 C
Yangon

ရေးမြို့ စစ်ဆင်ရေးကွပ်ကဲမှု​ဌာနချုပ် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး ရေးဘီးလူး တပ်ရင်းထံ အလင်းဝင်

Must read

ရန်ကုန်၊ မေ ၁၃

မွန်ပြည်နယ်၊ ရေးမြို့ စစ်ဆင်ရေးကွပ်ကဲမှု​ဌာနချုပ် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့တွင် ရေးမြို့စစ်ဆင်ရေးကွပ်ကဲမှု​ဌာနချုပ် စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ ရေးဘီလူးတပ်ရင်း ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား ၄ ဦးမှာ မောင်ပြည့်ဖြိုးမောင် ၊ မောင်မင်းထက်၊ မောင်အေးမင်းလှိုင်နှင့် မောင်အားဂျင် တို့ဖြစ်ပြီး ဝဲကလိ အမှတ် ၄ စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၂ တက်ရောက်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူတွေက လက်နက်မပါဘူး။ သူတို့ ကိုယ်လွတ်ရုန်းနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးခဲ့တယ်ပေါ့။ ကျွန်တော့်ဆီ စိုက်စိုက်မြိုက်မြိုက် ဆက်သွယ်လာပြီးတော့ အလင်းဝင်ရောက်ခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူတွေက အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ ဦးက စစ်မှုထမ်း သင်တန်းကျောင်းကို ဝဲကလိ အမှတ် ၄ သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာတဲ့ သူတွေက ၂ ဦးကတော့ မြ၀တီမြို့ပေါ်တွင် နေထိုင်တယ်။ နောက်ထပ် ၂ ဦးကတော့ လှိုင်းဘွဲ့မြို့ပေါ်တွင်နေထိုင်တယ်လို့ သိရတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေက စစ်ခွေးပေါ်တာဆွဲခံရတာပါ။ သူတို့ ၄ ဦးစလုံးက ၂၀၂၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ သင်တန်းဆင်းခဲ့တာလို့ သိရတယ်” ဟု ရေးဘီလူးတပ်ရင်းမှ တပ်ရင်းမှူးက ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်အတွင်း အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရသူများ အနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ဆက်သွယ်ကြရန်နှင့် နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ရေးဘီလူး တပ်ရင်းမှူးက ဆက်လက်ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article