28 C
Yangon

ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၅

ပဲခူးတိုင်း၊ ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ စစ်ကောင်စီ တပ်သားများနှင့် အပေါင်းအပါများ သန်းခေါင်စာရင်း ကောက်ယူပြီး ပြန်လာစဉ် ယွန်းတန်းရပ်ကွက်၊ ဆိုင်းတန်းလမ်းရှိ ယွန်းတန်းအုပ်ချုပ်ရေးမှူး နေအိမ်ရှေ့တွင် ရွှေတောင်မြို့နယ် ပကဖ ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့သော နေရာသည် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ တပ်သားများ ဆိုင်ကယ်ထားရှိသော နေရာဖြစ်ပြီး မိုင်းပေါက်ကွဲမှု အရှိန်ကြောင့် ဆိုင်ကယ်နှင့် စစ်ကောင်စီ တပ်သားများ လဲကျသွားသော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အုပ်ကြီးက မိုင်းထည့်ထားတဲ့ အမှိုက်အိတ်ကို ကျောပေးထားတာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ ဆိုင်ကယ်ပေါ်အတက်ကို စကားလှည့်အပြောမှာ မိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ သူတို့ သတင်းဖြန့်နေတာကတော့ အုပ်ကြီး နဲ့ ဆွေမျိုး ၁ ဦး ထိသွားတယ်လို့ သတင်းဖြန့်နေတာတော့ ရှိတယ်။ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အမြင်ကတော့ အုပ်ကြီးနဲ့ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ပဲ လမ်းထဲရှိတယ်။ ကျွန်တော်တို့ အဝေးထိန်းမိုင်း ထားထားတဲ့ နေရာမှာ အာ့ဒီအဖွဲ့က ဆိုင်ကယ်ရပ်ထားခဲ့တယ်။ အပြန်မှာ ဆိုင်ကယ်ပေါ် အတက်ကို မိုင်းဆွဲခဲ့တယ်။ ဆိုင်ကယ်တွေလည်း လဲသွားတယ် လူတွေလည်း လဲကျသွားတာရှိတယ်” ဟု ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အချိန်မီဆုတ်ခွာလာ၍ မြေပြင် ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article