33 C
Yangon

သဲကုန်းမြို့နယ်တွင် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သဲကုန်းမြို့နယ်တွင် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ ရွာသစ်ကုန်းရွာမှ အကြမ်းဖက် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ဂျက်မ ဆိုသူကို PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော ဂျက်မဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ရဲများထံ သတင်းပေး၍ ရွာသစ်ကုန်းရွာအတွင်း နေထိုင်သော ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အကြမ်းဖက် စစ်တပ်နှင့် ရဲများထံ သတင်းပေး၍ စစ်တပ် ထောက်တိုင် အဖြစ် ဆက်လက်လုပ်ဆောင်နေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article