28.9 C
Yangon

ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်ဖို့ နဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီတပ်ရဲ့ အကြီးအကဲတွေက အမိန့်ပေးတာကြောင့် အထက်အမိန့်အရ လုပ်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုး ဝန်ခံ

Must read

ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်ဖို့ နဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီတပ်ရဲ့ အကြီးအကဲတွေက အမိန့်ပေးတာကြောင့် အထက်အမိန့်အရ လုပ်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုး ဝန်ခံ

🟥ပြည်သူနဲ့ တော်လှန်ရေးရဲဘော် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်မှု ခွင့်လွှတ်ပေးဖို့ စစ်သုံ့ပန်း ခမရ ၃၀၉ မှ ဗိုလ်ကြီးအောင်သူဇင် တောင်းပန်

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်ဖို့နဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကောင်စီအကြီးအကဲတွေရဲ့ ဆုံးဖြတ် အမိန့်ပေးချက်အရ လုပ်ဆောင်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုးက ဝန်ခံလိုက်ပါတယ်။

ဘုတလင်မြို့နယ်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င်တွေထဲမှာ ခမရ ၃၆၂ မှ တပ်သားအောင်စိုးမိုးလည်း ပါဝင်ခဲ့ပြီး သူက အဲဒီလို ၀န်ခံထွက်ဆိုထားတာဖြစ်ပါတယ်။

“ကျေးရွာတွေ မီးရှို့တာရယ် ရွာသူရွာသားတွေကိုသတ်တာကတော့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ပါ။ကျွန်တော်တို့

လက် အောက်ငယ်သား၊တပ်သား၊ရဲဘော်အဆင့်ကတော့ သူတို့မီးရှို့ဆို လိုက်ရှို့ရတာပါ၊ အဲ့ဒီ ရွာသားတွေကိုဖမ်းခေါ်ဆို သူတို့ဖမ်းခေါ်ခိုင်းတဲ့အတိုင်း ကျွန်တော်တို့က လုပ်ရတာပါ”လို့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုး က ပြောပါတယ်။

ဘုတလင်နယ်တိုက်ပွဲမှာ ဖမ်းဆီး၊သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့၀င် စစ်ကြောင်းဟာ စက်တင်ဘာလ ပထမ အပတ်က အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသူတွေလည်းဖြစ်တယ်လို့ သိရပါတယ်။

“အရာတော်ကို သင်တန်းသားတွေ သွားခေါ်ဖို့၊သွားခေါ်ခိုင်းတာ၊ ကျွန်တော်တို့ လမ်းလျှောက်သွားတော့ ကျောက္ကာမြောက်ရွာ ကျော်သွားပြီ၊ရွာနာမည်တော့ မသိဘူး၊ အိမ်တစ်အိမ် ကိုမီးရှို့ခိုင်းတော့ ကျွန်တော်တို့ မီးဖိုချောင် ကို မီးရှို့ခဲ့တယ်”လို့ စစ်ကောင်စီတပ်သား အောင်စိုးမိုး က ပြောပါတယ်။

အခုလို ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေဟာ စစ်ကောင်စီတပ်ဖွဲ့ အကြီးအကဲ၊စစ်ဗိုလ်တွေရဲ့အမိန့်ပေး အာဏာပေးမှုတွေကိုအမိန့်နာခံခဲ့ရတာဖြစ်ပြီးပြည်သူအားလုံးကို၀န်ချတောင်းပန်တယ်လို့ အဲဒီစစ်သုံ့ပန်းက ပြောဆိုပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများထဲမှာပါဝင်တဲ့ ကသာ ခမရ ၃၀၉ တပ်မှ ဗိုလ်ကြီး အောင်သူဇင်က လည်း ကူတော်ရဲစခန်းသို့ စစ်ကူအဖြစ် လာရောက်စဉ်မှာ ကျွန်သေချောင်းကျေးရွာမှ ပြည်သူ ၁ ဦး၊ ကတိုးကျေးရွာမှ အသက် ၇၀ ကျော် အမျိုးသား ၁ ဦးနှင့် ပကဖ အဖွဲ့ဝင် ၂ ဦး တို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကတိုးရွာမှ နေအိမ် ၂၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝန်ခံတောင်းပန်ပါတယ်။

“ကျနော်ကတော့ ကူတော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေကိုသတ်ဖြတ်ခဲ့ပါတယ် ။ ပြီးတော့အပြစ်မဲ့ ပြည်သူ့အိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ အရာတော်ကို လမ်းကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါ တယ် ။ဒီအတွက် ကျနော့်မှာ အပြစ်ရှိကြောင်းဝန်ခံပါတယ် ။ ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော့် အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်”လို့ စစ်သုံ့ပန်း ဗိုလ်ကြီး အောင်သူဇင်က ဝန်ခံတောင်းပန်ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article