27.4 C
Yangon

စလင်းမြို့နယ်တွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး ၁၀၀ ကျော်ကို PDF တပ်ဖွဲ့က ရှင်းလင်း

Must read

စလင်းမြို့နယ်တွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး ၁၀၀ ကျော်ကို PDF တပ်ဖွဲ့က ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၇

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် နံနင်ပိုင်းတွင် စလင်းမြို့နယ်အတွင်းရှိ ကပစ ၂၅ နှင့် ကပစ ၂၁ ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး ၁၀၀ ကျော်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း -ပကဖ) zone 3 မှ တော်လှန်ရေးရဲဘော်များ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကပစ ၂၅ နှင့် ကပစ ၂၁ တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းများကို စက်တင်ဘာလ ၁၆ ရက်နေ့၌ တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် မီးလိုင်းလာပြင်သည့် စစ်ကောင်စီ တပ်သားများပါ ထပ်မံ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လျှပ်စစ် မီးတိုင်များအနီး မြေမြုပ်မိုင်းအများအပြား ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အဓိကကတော့ ကပစ ၂၁နဲ့ ၂၅ ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်များအနီးနဲ့ လမ်းဘေးတွေပါ မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တာပါ။ မိုင်းအလုံးရေ ၁၀၀ ကျော် တူးဖော်ရှင်းလင်းထားနိုင်တယ်။ ရှိသေးပေမယ့် ဆက်လက်တူးဖော်ဖို့ကြိုးစားဆဲပဲ သူတို့ကတော့ ပြည်သူထိခိုက်မှုအတွက် အလေးထားသွားမှာမဟုတ်ဘူး။ သူတို့တွေ သက်ဆိုးရှည်ရေး သူတို့ပင်မကို ကာကွယ်နေတဲ့ ကပစ တွေ လည်ပတ်ရပ်တည်နိုင်ရေးအတွက် ရေကုန်ရေခမ်းကြိုးပမ်းနေကြတာဖြစ်သလို ကျွန်တော်တို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကလည်း သူတို့ရဲ့အဓိ target ကပစ များကို နည်းပေါင်းစုံနဲ့ဖြတ်တောက်တားဆီးရင်း ပြည်သူလူထုကို ကာကွယ်သွားမှာပဲဖြစ်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article