27.4 C
Yangon

ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ဂုဏ်ပြု ဆုငွေများ ချီးမြှင့်

Must read

ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ဂုဏ်ပြု ဆုငွေများ ချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ၁ ဦးလျှင် ငွေကျပ်သိန်း ၃၀ ဆီ ချီးမြှင့်ခဲ့ပြီး ဘေးကင်းရာ နေရာတွင် လုံခြုံစွာ ထားရှိကြောင်း သိရှိရသည်။

လက်နက်နှင့် အလင်းဝင်လာသူများ၏ လုံခြုံရေးနှင့် ၎င်းတို့၏ မိသားစုများလုံခြုံရေးအတွက် တပ် အမည်နှင့် အမည်စာရင်း များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်ထံ ပြန်လည်ပေးလိုက်ရသည့် အချိန်မှစ၍ ကောလင်းခရိုင်တပ်ရင်း ၂ ထံ လက်နက် နှင့်အလင်းဝင်လာသူ ၆ ဦး နှင့် လက်နက်မပါဘဲ အလင်း ဝင်လာသူ ၄ ဦးရှိကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးကဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article