28 C
Yangon

ပဲခူးတိုင်းနှင့် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၀၉ ဦး သေဆုံး

Must read

ပဲခူးတိုင်းနှင့် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၀၉ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲမှု အောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၂၀ တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၉ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တောင်ပိုင်းတိုင်းအမှတ် ၂ စစ်ဒေသ နယ်မြေအတွင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ အကြား ထိတွေ့ တိုက်ပွဲ ၁၅ ကြိမ်၊ စစ်ကောင်စီတပ်စခန်း သိမ်းတိုက်ပွဲ ၂ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ကြိမ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ၂ ကြိမ်၊ စစ်ကောင်စီ၏ ထောက်တိုင်ရှင်းလင်းမှု ၂ ကြိမ်လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၁၀၉ ဦးသေဆုံးကာ ၆၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ နှင့် ခဲယမ်း များ၊ စစ်အသုံးအဆောင် ဆက်စပ်ပစ္စည်း နှင့် ရိက္ခာအမြောက်အမြားကိုလည်း သိမ်းဆည်းရရရှိခဲ့ ကြောင်း သိရသည်

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကို တောင်ပိုင်းစစ်ဒေသ၊ (JOC) ကွပ်ကဲမှုဖြင့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေး တပ် မတော် (PDF) တပ်ရင်းများ နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပူးတွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော် ၁၁ ဦး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက် ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၅ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှု များကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦး သေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article