28 C
Yangon

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ လ နှင့် ၃ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် မိခင်ဖြစ်သူတို့ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ လ နှင့် ၃ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် မိခင်ဖြစ်သူတို့ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ လ နှင့် ၃ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် မိခင်ဖြစ်သူတို့ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က တင်းတိမ်ရံရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၆ လ နှင့် ၃ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် တင်းတိမ်ရံ ကျေးရွာမှ အသက် ၆ လ အရွယ် ကလေးငယ် ၁ ဦး နှင့် မိခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် မမွန်မွန်အောင် ၊ အသက် ၃ နှစ်အရွယ် ဖြိုးခေတ်သစ် တို့ သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရှိရသည်။

” အခုညနေ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ရေဦးနယ်အနောက်ခြမ်း တင်းတိမ်ရံရွာ စျေးအနီးကို လေကြောင်းတိုက်ခိုက် ဗုံးကျဲသွားပြန်တယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ သက်သက်ကို ပြည်သူတွေကို ဗုံးလာကျဲသတ်ဖြတ်နေတာ အပြင်မထွက်ကြသေးတဲ့ ပြည်သူတွေလည်း ရွာထဲမှာရှိနေသေးတယ်။ ၅ ရက်နေ့က ပထမအကြိမ် အကကျဲခံရပြီးကတည်းက ရွာနေ ပြည်သူတွေက အပြင်ထွက်ပြေး တိမ်းရှောင်နေကြတယ် နေ့ဝင် ညထွက် အိပ်လုပ်ကြတယ်။ အခုက ပြည်သူတွေရှိချိန်ကို ဗုံးကျဲ သွားတာ” ဟုရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article