28 C
Yangon

သီပေါမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

Must read

သီပေါမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီမှ ၈ နာရီ ၁၅ မိနစ်ထိ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်းနှင့် တောင်ခမ်းကျေးရွာနေရာအကို အကြမ်းဖက် စစ်တပ်က ၁၁၂ မမ လက်နက်ကြီး ၂ ကြိမ် ဗုံး ၁၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာကိုလည်း ထောက်ပို့ လေယာဉ် Y12 ဖြင့် ၁ ကြိမ် လက်နက်ခဲယမ်း ၁၂ ထုပ် လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article