ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့အရေးကို ဒေသတွင်းနိုင်ငံတွေက ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပြည်တွင်း တည်ငြိမ်ဖို့ ကြိုးပမ်းနေတာတွေဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အမျိုးသားညီညွတ်ရေး အစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
- မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုက မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေလို ရာဇဝတ်မှုတွေ များပြားလာစေဖို့ လမ်းကြောင်းပေးနေတယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
- မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာ ရေးလမ်းပိုင်းကို ရေးဘီလူးအဖွဲ့က စစ်ဆေးစဉ် ရဲမေ ၁ ဦး ဖမ်းဆီးရမိခဲ့ပြီးနောက် အကြမ်းဖက်စစ်သားတွေရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမေ အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
