27 C
Yangon

ဒီပဲယင်းမြို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ဒီပဲယင်းမြို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၃ မိနစ်၊ ၁၅ မိနစ်၊ ၁၇ မိနစ်၊ ၁၉ မိနစ်၊ ၂၀ မိနစ်၊ ၂၁ မိနစ်၊ ၂၃ မိနစ်၊ ၂၄ မိနစ်နှင့် ၂၆ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးတက်လာသည့် K-8W ဖိုက်တာ ၂ စီးဖြင့် ဗုံး ၉ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် စစ်တပ်က အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ညနေပိုင်းမှာ ဒီပဲယင်းမြို့တွင်းကို စစ်ခွေးတွေက လေကြောင်းနဲ့ ၉ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်သွားတယ်။ အခုပစ်သွားတဲ့ နေရာတွေကလည်း မြို့တွင်းကို ရမ်းကျဲသွားတာ ဒီပဲယင်းမြို့တွင်းမှာ စစ်ခွေးတွေ မီးရှို့ထားတာတွေရော လေကြောင်းတိုက်ခိုက်တာတွေရောကြောင့် ပြည်သူပိုင် နေအိမ် တိုက်တွေ ပျက်စီးဆုံးရှုံးတာတွေ များထားတယ်။ မြို့တွင်းမှာ စစ်ခွေးတွေ ပြန်လည် အထိုင်ချထားတော့ နေအိမ်ဘယ်လောက်ပျက်စီးထားတယ်ဆိုတာ တိတိကျကျမသိရသေးဘူး။ ဘယ်သူမှထိခိုက်မှုမရှိပါဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article