31 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်က ဆိုင်းတောင် Lucky Man ဟိုတယ် တိုက်ပွဲကနေ ထွက်ပြေး လွတ်မြောက်နေတဲ့ အကြမ်းဖက် ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဆိုသူကို ဥရုချောင်းအနီးမှာ ပစ်ခတ်ဖမ်းဆီးတဲ့အချိန် ပွဲချင်းပြီးကို သေသွားပြီး သူ့ရဲ့ အလောင်းကိုပါ ရရှိခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်ထဲကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ ဦး အပါအဝင် စစ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် K-8 W အမောင်းသင်လေယာဉ် ဂိုဒေါင်လည်း ထိခိုက်ပျက်စီးသွား တယ်လို့ SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းရဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံကနေ စင်ကာပူနိုင်ငံကို အလည်အပတ်နိုင်ငံကူးလက်မှတ် PV နဲ့ သွားရောက်လိုသူ အများစု လည်း ရန်ကုန်လေဆိပ်ကနေ ထွက်ခွင့်မရဘဲ စစ်ကောင်စီက ပိတ်ပင်ထားမှုဟာ လဝက်နီးပါး ကြာမြင့် နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article