27 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး နှိပ်စက်ကာ လူ ၁ ဦး ငွေ ၅ သိန်းဖြင့် ရွေးခိုင်းပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊အောက်တိုဘာ ၁၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး နှိပ်စက်ကာ ငွေကျပ် ၅ သိန်းဖြင့် ပြန်ရွေးခိုင်းပြီး ကျေးရွာများအတွင်း စစ်တပ်က မိုင်းထောင်ခြင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို က ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်အချိန် ကျောက်ကြီးမြို့နယ်၊ မူးမြို့အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ အကြား ရေအိုးစဉ် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ မြင့်စန်းဌေး၊ ဦးစိုးလှိုင်၊ မောင်မဲ နှင့် ချမ်းမြင့်အောင် တို့ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၅၁ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က မအူပင်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေ ဦးကုလား၏ နေအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၇ နာရီ ၇ မိနစ်ခန့်အချိန် ခမရ – ၄၃၉ တပ်ရင်းက ငနုဆန်းကျေးရွာ အတွင်းသို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငနုဆန်း ကျေးရွာတွင် ကျောင်းတက်ရောက်နေသည့် ကညင်ဒိုင်း ကျေးရွာမှ အသက် ၁၃နှစ်အရွယ် မောင်သန်းဇင်ထွန်း ၏ ဗိုက်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) ကျောင်းစိုးကျေး ရွာအနီး အကြမ်းဖက် စစ်တပ်၏ ခမရ -၂၀ နှင့် ခလရ -၂၆၄ တပ်ရင်း မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်းထားသော စစ်ကြောင်းက ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မိုင်း ထောင်ထားခဲ့ကြောင်း၊ အဆိုပါ မိုင်းများ ပေါက်ကွဲမှုကြောင့် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် ကျောင်းစိုးရွာအနီး နွား ကျောင်းနေသည့် ဦးဝင်းချို မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဖြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ အောက်တိုဘာလ ၈ ရက်နေ့ ည ၉ နာရီ ၈ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ရာ အင်းပုရိ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အောင်ကိုဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ဝက်လာတော ကျေးရွာသား တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ် အရွယ် မောင်မင်းကိုသက်သည် ကျောက်တံခါးမြို့ပေါ်တွင် ဈေးသွားဝယ်စဉ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့များက ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့တွင် ငွေ ၅ သိန်း တောင်းခံ၍ ပြန်လွှတ်ပေးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article