27 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အာဆီယံအထူးသံတမန် နဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်တွေက အသိအမှတ်ပြုလိုက်တယ်လို့ အာဆီယံကနေ တရားဝင် ထုတ်ပြန်လိုက်သလို ၊ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ အာဆီယံထိပ်သီး အစည်းအဝေး ပွဲတွေ တက်ခွင့်မပေးပဲ အဆင့်နှိမ့်ချပြီး ကိုယ်စားပြုသူကိုသာ တက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းမှာ ပို့ကုန်ရငွေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထားမှုမရှိဘဲ ပြည်ပကနေ မည်သည့် ကုန်ပစ္စည်းမှ တင်သွင်းခွင့် မပြုဘူးလို့ (UMFCCI)ရဲ့ စီးပွားရေးလုပ်ငန်းရှင် တွေကို ထပ်မံ သတိပေးလိုက်ပြီး ၊ စစ်ကောင်စီက နိုင်ငံခြားငွေ မကုန်ရေးဆိုတဲ့ တံခါးပိတ် စီးပွားရေး မူဝါဒကို ပြန်ပြီး ကျင့်သုံးလာတဲ့အတွက် အားလုံးအခက်တွေ့နေကြပြီလို့ (UMFCCI)ရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို KIA – PDF ပူးပေါင်း တပ်တွေက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက် မှာရှိတဲ့ စစ်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကိုအကုန်လုံးကို တိုက်ခိုက်ရှင်းလင်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article