27 C
Yangon

ရခိုင်တွင် စစ်ကောင်စီ၏ လေကြာင်းတိုက်ခိုက်မှုကြောင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် AAက ညွှန်ကြား

Must read

ရခိုင်တွင် စစ်ကောင်စီ၏ လေကြာင်းတိုက်ခိုက်မှုကြောင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် AAက ညွှန်ကြား

ရန်ကုန်| အောက်တိုဘာ ၁၁

ရခိုင်ပြည်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသဖြင့် မပြုလုပ်ကြရန် ULA/AA ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရသည်။

ULA/AA ၏ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးရုံးက ရခိုင်ပြည်သူများကို အောက်တိုဘာလ ၇ ရက်နေ့က ထပ်ဆင့် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

AA ၏ ထုတ်ပြန်ချက်တွင် တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု အသိပေး ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်များအား ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေသည့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိကိုယ်တိုင် တသွေမတိမ်း လိုက်နာရန်နှင့် ပြည်သူများကိုလည်း အကျိုးသင့်အကြောင်းသင့် ထပ်ဆင့် ရှင်းလင်းခြင်း၊ မေတ္တာရပ်ခံကာ စည်းကမ်းချက်များအား လေးစားလိုက်နာရေး ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။

ULA/AA က ယင်းကဲ့သို့ စည်းကမ်းသတ်မှတ် ထုတ်ပြန်ရခြင်းမှာ အာဏာသိမ်း စစ်ကောင်စီက လူစုလူဝေးများနေရာများနှင့် မြို့ရွာများကို နေ့စဉ်နှင့်အမျှ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း ရခိုင်ပြည်သူများအနေဖြင့် ULA/AA ၏ ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာကြရန် တိုက်တွန်းသည်။

ပြည်သူများအနေဖြင့် ရပ်ရွာများ၊ မြို့များတွင် မနေရဲစေရန်၊ မြို့ရွာများ ပြိုကွဲသွားစေရန်၊ ပြည်သူအားလုံး ကစဉ့်ကလျားဖြစ်သွားစေရန် တနည်းအားဖြင့် ULA/AA အုပ်ချုပ်၍ မရရှိစေရန်နှင့် ULA/AA နှင့် ပြည်သူကြား သွေးခွဲရန်တိုက်သည့်အနေဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေး အနည်းဆုံးဖြင့် အသိ၊ သတိထား နေထိုင်ဖြတ်သန်းကြရန်နှင့် မလိုလားအပ်သည့် အစုလိုက်အပြုံလိုက် အသက်သေဆုံးမှုများ မဖြစ်စေရေးအတွက် ကာကွယ်တားဆီးနိုင်ရန် ညွှန်ကြားထုတ်လိုက်ရခြင်းဖြစ်ကြောင်း AA က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article