28 C
Yangon

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ကာ အမာခံ သတင်းပေးပိုလိုသည့် ဖရဲသီး များကို ဖိတ်ခေါ်လိုက်ပြီး လိုအပ်လျှင် အသက်ဘေးလွတ်ရာအထိ ရွှေ့ပြောင်းစောင့်ရှောက်ပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဖိတ်ခေါ်

Must read

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ကာ အမာခံ သတင်းပေးပိုလိုသည့် ဖရဲသီး များကို ဖိတ်ခေါ်လိုက်ပြီး လိုအပ်လျှင် အသက်ဘေးလွတ်ရာအထိ ရွှေ့ပြောင်းစောင့်ရှောက်ပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဖိတ်ခေါ်

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ကာ အမာခံ သတင်းပေးပိုလိုသည့် ဖရဲသီး များကို ဖိတ်ခေါ်လိုက်ပြီး လိုအပ်လျှင် အသက်ဘေးလွတ်ရာအထိ ရွှေ့ပြောင်းစောင့်ရှောက်ပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖရဲသီး(PreCDM)အဖြစ် တာဝန်ထမ်းဆာင်နေကြသော တပ်/ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဘက်တော်သား နိုင်ငံ့ ဝန်ထမ်းများသည် ရန်သူ့အတွင်းစည်းမှနေ၍ လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာ ကောင်းသော အခြေအနေကို အစဉ်အမြဲရင်ဆိုင်နေရကြောင်း၊ အဆိုပါ အခြေအနေတွင်ပင် တာဝန်နှင့်ရာထူးအရ သိရှိလာသော တပ်/ဌာနတွင်း သတင်းများကို တာဝန်ကျေပွန်စွာပေးပို့မှုကြောင့် တော်လှန်ရေးအတွက်များ စွာ အထောက်အကူပြုလျက်ရှိသည်မှာ တော်လှန်ရေးကာလအစမှ ယနေ့အထိ ထင်ရှားပေါ်လွင်နေဆဲဖြစ်ပြီး လေးစားစွာအသိအမှတ်ပြု မှတ်တမ်းတင်ကြောင်းလည်း ပြည်သူ့ရင်ခွင်အဖွဲ့က ပြောသည်။

ဖရဲသီးအဖြစ် တာဝန်ထမ်းဆောင်နေ သူ တပ်/ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ကာကွယ်ရေး ဝန်ကြီးဌာန(MOD)၏ အမာခံသတင်း ပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေငြာချက်အမှတ် (၉/၂ဝ၂၂)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဃ)ပါ အာမခံချက်အတိုင်း အပြည့်အဝအကာအကွယ်ပေးလျက်ရှိကြောင်း၊ အထူးသဖြင့် အကျအဆုံးများနေသော စစ်ရေးပြင်းထန်သည့်ဒေသများသို့ စေလွှတ်ခံရမည့် ပြည်သူ့ဘက်တော်သား အမာခံသတင်းပေးပို့သူ ဖရဲသီးများကို ကာကွယ်ရေးဝန်ကြီးဌာန (MOD)၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ မိတ်ဘက်တော်လှန်ရေးအင်းအားစုများနှင့် ပြည်သူ့ရင်ခွင်တို့ပူးပေါင်း၍ အသက်ဘေးမှကင်းလွတ်ရာသို့ ကူညီရွေ့ပြောင်း စောင့်ရှောက်ပေးလျက်ရှိကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။

ထို့ပြင် ရှေ့တန်းစစ်မျက်နှာပြင်များသို့ ရုတ်တရက်စေလွှတ်ခံလိုက်ရပြီး အချိန်မီ ရွေ့ပြောင်းပေးနိုင်ခြင်း မရှိသော ဖရဲသီးများကိုပင် ကာ ကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ပြည်သူ့ ရင်ခွင်တို့အနေဖြင့် ရှေ့တန်းစစ်မျက်နှာမှ ခေါ်ထုတ်ခြင်းဖြစ်စေ တိုက်ပွဲအတွင်း စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရချိန်တွင်ဖြစ်စေ ၎င်းတို့၏ ကိုယ်ရေး အချက်အလက် ပေါက်ကြားစေမှုမရှိဘဲ အစွမ်းကုန်ကြိုစားခေါ်ထုတ်၍ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်များနှင့်အညီ မိသားစုထံအသိပေး၍ ကောင်းမွန် စွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ယုတ်မာရိုင်းစိုင်းမှုကို ကောင်းမွန်စွာနားလည်သော်လည်း လူမှုရေး၊ စီးပွားရေးနှင့် အခြားအခြေ အနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ တာဝန်ထမ်းဆောင်နေရ သော တပ်/ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများစွာ ရှိနေမည်ကို တော်လှန် ရေးအင်အားစုများအနေဖြင့် ကောင်းမွန်စွာသိရှိနားလည်ကြောင်း၊ ထို့ကြောင့် အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာကြေညာချက်သည် အထက်ပါ အခြေအနေများနှင့်ရင်ဆိုင်နေရသော နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်သူလူထုနှင့်တစ်သားတည်း ရှိကြောင်း စိတ်ရင်းပြသနိုင်မည့်အပြင် စစ်ကောင်စီကျရှုံးထွက်ပြေးချိန်တွင် ပြစ်ဒဏ်များကို လျော့ပေါ့ကင်းလွတ်ခွင့်ရစေမည့် တစ်ခုတည်းသော အခွင့်အရေး အဖြစ် လမ်းဖွင့်ပေးထားခြင်းဖြစ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။

အမာခံသတင်းပေးပို့သူ ဖရဲသီး(PreCDM) အဖြစ်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် တယ်လီဂရမ်- https://t.me/MyanmarPeople သို့မဟုတ် @Myanmar People ၊ Signal – +66968847969၊ Viber – +66968847969နှင့် Facebook – ပြည်သူရင်ခွင်- People’s Embrace တို့သို့ လုံခြုံစွာဆက်သွယ်နိုင်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article