21.2 C
Yangon

နွားထိုးကြီး၊ တာပယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

Must read

နွားထိုးကြီး၊ တာပယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း၊ နွားထိုးကြီး၊ တာပယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ညပိုင်း နွားထိုးကြီးမြို့နယ်၊ တာပယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် နွားထိုးကြီး မြို့ပေါ်မှ စစ်ဘေးရှောင်လာသူ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲချသွားတာပါ။ ပြည်သူ ၃ ဦးသေဆုံးတယ်။ ဒဏ်ရာရတာ ၆ ဦးရှိတယ်။ နေအိမ်တွေလည်း ပျက်စီးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတချို့က နွားထိုးကြီးမြို့နယ် ကျေးရွာများသို့ စစ် ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article