32 C
Yangon

ဘုတလင်နှင့် ဖြူး ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ဘုတလင်နှင့် ဖြူး ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း BGS & Rocket Ayadaw Drone Force၊မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နမခ မှ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီးတွင် ရပ်နားစဉ် တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၅ လုံးဖြင့် အကြိမ်ကြိမ် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၍ ၁ ဦး ခြေထောက် ပြတ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းသည် ဘုတလင်မြို့အတွင်းကို ဝင်ရောက်သွားပြီး မြဝတီ ခန်းမအဆောင်အတွင်း စခန်းချထားသည်ကို သိရှိရ၍ ခန်းမအဆောင်နှင့် မီးသတ်စခန်းအတွင်းကို လက်လုပ် ၁၂၀ မမ ၂ လုံး၊ ၆၀ မမ ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထုတ်အပိုးများယူ၍ မြို့တွင်းလူစုခွဲကာ ထိခိုက်မှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS & Rocket Ayadaw Drone Force၊ စွန်ရဲ Drone Force နှင့် မုံရွာခရိုင်တပ်ရင်း (၂၀) BOB၊ တပ်ရင်း(၁၉) နှင့် ဒေသ ကာကွယ်ရေး ရဲဘော်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်သာပင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ညောပင်ပင်ရွာကျောင်းဘေး နှင့် ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်ပင်သာရွာ စက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာဝတီခရိုင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article