27 C
Yangon

ဗန်းမော်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်

Must read

ဗန်းမော်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်နေကြောင်း Bhamo People Defense Force – BPDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နှင့် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ဗန်းမော်မြို့နယ်၊ ၆ မိုင်နှင့် ၇ မိုင်အကြားတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်နေသဖြင့် လူနေရပ်ကွက်များတွင် လက်နက်ကြီးကျည်များကျရောက်၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“အခုက ဗန်းမော် ၆မိုင်နဲ့၇ မိုင်ကြားမှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတယ်။ ကောင်ဂျာယန်နဲ့အနီးအနားမှာလည်း စစ်ရေးတွေ တင်းမာနေတယ်” ဟု Bhamo People Defense Force – BPDFမှ တာဝန်ရှိသူ ရှင်းလင်းပြောဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့ ပတ်ဝန်းကျင်တွင် ရောက်ရှိနေပြီး စစ်ကောင်စီတပ်များကလည်း ခုခံစစ်ပြင်နေကြကြောင်း၊ လတ်တလော ဗန်းမော်မြို့နယ်အနီးတွင်ပင် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ဗန်းမော်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article