29 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံး၊ စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံး၊ စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံးပြီး စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု ရဲကင်းစခန်းမှ ရေတာရွာဘက်ကို ထွက်လာသော အင်အား ၃၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဝိုင်းရွာထိပ် ဂုံးပေါက်ကြီး အကျော် ဝိုင်းအုပ်စု ဆေးရုံအရှေ့တွင် သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း မိုင်းပေါက်ကွဲသည့် ဝိုင်းကျေးရွာအုပ်စု ဆေးရုံအရှေ့မှ ပြည်သူ ၂၀ ဦးခန့်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဝိုင်းကျေးရွာအုပ်စု ဆေးရုံအရှေ့က ပြည်သူ ၂၀ ခန့်ကို ဖမ်းပြီးတော့ စခန်းထဲကို ခေါ်သွားတယ်လို့ သတင်းရရှိတယ်။ စစ်ခွေး အလောင်းတွေကိုတော့ ဝိုင်းရွာ သချိုင်းထဲကို ခေါ်သွားတယ်လို့ သိရတယ်။ သူတို့စခန်းကိုတော့ သူတို့ စခန်းထဲကိုတော့ ဒဏ်ရာရတဲ့ သူတွေထည့်တယ်လို့ ကြားတယ်။ သူတို့က ခြေလျင်စစ်ကြောင်း လာတာဆိုတော့ သူတို့ တစ်ယောက်ကို ၆ တောင်လောက်ဆီခွာလာတာတာ မိုင်းကတော့ ၁ လုံးကို ၈ တောင်လောက်ဆီ ခွာထောင်ထားတာ ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ” ဟု သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article