29 C
Yangon

မတ္တရာတွင် မန္တလေး PDF သိမ်းပိုက်ထားသော တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

Must read

မတ္တရာတွင် မန္တလေး PDF သိမ်းပိုက်ထားသော တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် မန္တလေး PDF သိမ်းပိုက်ထားသော တပ်စခန်းများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။

မတ္တရာမြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် အကြမ်းဖက် စစ်တပ်က ကြိုးစားလျက်ရှိပြီး တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်သား အလောင်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြိုနယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်းပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDF က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article