29 C
Yangon

ဖားဆောင်းနှင့်ဘောလခဲ အကြားရှိ ထူးချောင်း စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်

Must read

ဖားဆောင်းနှင့်ဘောလခဲ အကြားရှိ ထူးချောင်း စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် နှင့် ဘောလခဲမြို့နယ်အကြားရှိ ထူးချောင်းစခန်းကုန်းမှ အကြမ်းဖက် စစ် ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း Hpasawng PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် နေ့တွင် ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ် အကြားရှိ “ထူးချောင်းစခန်းကုန်း” မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စခန်း ရှင်းလင်းမှုကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဖားဆောင်း PDF၊ KA Drone Force နှင့် ကရင်နီတပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း Hpasawng PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article