29 C
Yangon

သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို

Must read

သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်ခံတပ်စခန်းဖြစ်သော ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA ဦးဆောင်သော တော်လှန်ရေတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းလိုက်ပြီး သီပေါမြို့နယ်တစ်ခလုံးတွင် စစ်ကောင်စီ၏ တပ်စခန်း လုံး၀ မရှိတော့ဘဲ ကင်းစင်သွားကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ညနေပိုင်းတွင် သီပေါမြိုရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တရုတ်သတင်းများတွင် စတင်ဖော်ပြနေကြောင်း၊ သီပေါမြို့နယ်တွင် စစ်တပ်စခန်းအားလုံး အရေးနိမ့်သွားပြီဟု သတင်းများက ဖော်ပြထားကြောင်း သိရှိရသည်။

“ခလရ ၂၃ ရတဲ့ သတင်းနဲ့ သီပေါမှာ စစ်တပ်တွေအကုန် အရေးနိမ့်သွားတယ်ဆိုတာ တရုတ်သတင်းတွေမှာ တောက်လျှောက်တက်လာပါတယ်” ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

သို့ရာတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက TNLA ထံသို့ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၃ ကို တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ တရားဝင် ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိပေ။

သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၀၃ ၊ ခမရ ၅၀၄ နှင့် ခြေလျင်တပ်ရင်း ခလရ ၂၃ တပ်ရင်းဌာနချုပ်အပါအဝင် စစ်တပ်တပ်ရင်း ၃ ခု အခြေစိုက်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် သီပေါ မြို့ မြောက်ဘက် ၂ မိုင်အကွာရှိ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တပ်ရင်းတို့ကို TNLA တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၃ ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article