29 C
Yangon

ရေးမြို့ ၊အောင်မင်္ဂလာ ရပ်ကွက်တွင် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေသည့် ရာအိမ်မှူး ၁ ဦးကို ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး

Must read

ရေးမြို့ ၊အောင်မင်္ဂလာ ရပ်ကွက်တွင် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေသည့် ရာအိမ်မှူး ၁ ဦးကို ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ရေးမြို့ အောင်မင်္ဂလာ ရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီအတွက် သန်းခေါင် စာရင်း ကောက်ယူပေးနေသည့် ရာအိမ်မှူး ၁ ဦး ကို အရှင်ဖမ်းဆီးခဲ့ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်အတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေသည့် ရာအိမ်မှူး ၁ ဦးကို ရေးဘီလူး အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဆေးနေကာ ၎င်း၏ထွက်ဆိုချက်အပေါ် မူတည်၍ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးကို ရေးဘီလူးအဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ သန်းခေါင်းစာရင်း ကောက်ယူနေသူများလည်း ဆက်လက် ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

“အပြစ်ပေးတာက စစ်ချက်အပေါ် မူတည်ပြီးတော့ ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သန်း ခေါင်စာရင်း ဆက်လက် ကောက်ယူနေသူ‌ အားလုံးကို ဖမ်းဆီး အရေးယူသွားမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆို သည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် သန်းခေါင်စာရင်း ကောက်ယူနေကြောင်း ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article