29 C
Yangon

ပုဂံမြို့သစ်တွင် သန်းခေါင်စာရင်း ကောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး၊ ရွာငံတွင်လည်း အုပ်ချုပ်ရေးမှူး လင်မယားပစ်ခတ်ခံရပြီး သေဆုံး

Must read

ပုဂံမြို့သစ်တွင် သန်းခေါင်စာရင်း ကောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး၊ ရွာငံတွင်လည်း အုပ်ချုပ်ရေးမှူး လင်မယားပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် သန်းခေါင်စာရင်းကောက်ယူနေသော အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ ပိုက်သေလည်ရပ်၊ စိန်ပန်းလမ်းတွင် အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်းက သန်းခေါင်စာရင်း ကောက်ယူနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငယ်မွေးခြံပေါက်ပဲ။ သူ့ကို ကိုဆော်လို့ခေါ်တယ်။ သန်းခေါင်စာရင်း ကောက်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ ပွဲချင်းပြီးပဲ။ ခေါင်းကို ပစ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ ပုဂံဘက်မှာ ပိတ်ဆို့ စစ်ဆေးတယ်။ ဆိုင်ကယ်က တရုတ်ဘီးဆိုင်ကယ်နဲ့ လာပစ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဇော်လွင်နှင့် ဇနီးဖြစ်သူ ခင်လေးဖြူတို့ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်လွင်နှင့်ဇနီးတို့၏ အလောင်းများကို လာရောက် ယူဆောင်ပြီး ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်ခြင်း၊ ဆေးစာရယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဇော်လွင်နှင့် ဇနီးဖြစ်သူ ခင်လေးဖြူတို့ ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article