29 C
Yangon

စိုးဝင်းအမိန့်ဖြင့် ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်း၊ တရုတ် အပါအဝင်​ ပြည်ပမှ တင်သွင်းသော စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းယူ

Must read

🟥မော်လမြိုင် ရတနာထွန်းပွဲရုံတန်းမှ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်များကို တရား မဝင်ကုန်များဟုဆိုကာ စစ်တပ်နှင့်ရဲများက ကုန်ကား နှစ်စီးတိုက်စာ ဝင်ရောက် ဖမ်းဆီးသိမ်းယူ

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အမိန့်ဖြင့် နိုင်ငံတစ်ဝန်း ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်းနှင့် တရုတ် အပါအဝင် ပြည်ပမှ တင်သွင်းသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စစ်တပ်က လိုက်လံစစ်ဆေးနေပြီး သွင်းကုန်လိုင်စင်နှင့်ခွင့်ပြု ချက်မပြနိုင်သည့် ပြည်ပထုတ်ကုန်ပစ္စည်းများအားလုံးကို သိမ်းဆည်းဖမ်းဆီးနေကြောင်း ကုန်သည်များနှင့်စီးပွားရေးလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အကြမ်းဖက်ဒု စစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရန်၊ လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရန် ညွှန်ကြားပြီးနောက် ထိုသို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကုန်တိုက်မှာရှိတဲ့ ထိုင်း၊ တရုတ်နဲ့ ပြည်ပ ထုတ်ကုန်တွေအားလုံးက သွင်းကုန်လိုင်စင်နဲ့ ခွင့်ပြုချက်ရှိလား၊ ဘယ်နေ့က သွင်းခဲ့တာလဲ။ သွင်းခဲ့တဲ့ပမာဏက ဘယ်လောက်လဲ။ အခု ကုန်တိုက်မှာ တင်ထားတာ ဘယ်လောက်လဲဆိုတာကို လာစစ်ပါတယ်။ ကျနော်တို့က ၂၀၂၃ ကတည်းက သွင်းပြီး ဂိုဒေါင်နဲ့ လှောင်ထားတာဆိုတော့ စာရွက်စာတမ်းနဲ့ လိုင်စင်တွေ အကုန်ပြနိုင်လို့ ပစ္စည်းအသိမ်းမခံရဘူး။ ကိုယ့်မိတ်ဆွေစီးပွား ရေးသမားတွေတော့ အောက်လမ်းက သွင်းတာမို့ ယိုးဒယား ပစ္စည်းတွေ တော်တော်များများ အသိမ်းခံလိုက်ရတယ်။ ဂိုဒေါင်မှာ အသိမ်းခံရတာ” ဟု ရန်ကုန်မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

ထို့ပြင် အောက်တိုဘာလ ၁၄ ရက်နေ့ မော်လမြိုင်၊ စျေးကြို ၊ ရတနာထွန်းပွဲရုံတန်းတွင် စစ်တပ်က ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လိုက်လံ စစ်ဆေးပြီး သွင်းကုန်လိုင်စင်နှင့်ခွင့်ပြုချက် မပြနိုင်သော ပြည်ပထုတ် ပစ္စည်းများအားလုံးကို ကုန်ကား ၂ စီးဖြင့် သိမ်းဆည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မော်လမြိုင် စျေးကြို ရတနာထွန်းပွဲရုံတန်း ကို ခွေးအင်အားအများအပြားနဲ့ ပစ္စည်းတွေ ဝင်ဖမ်းတာ။ ယိုးဒယားပစ္စည်းတွေချည်းပဲ။ ကုန်ကား ကားနှစ်စီးတိုက် ပါသွားတယ်။ ပွဲရုံထဲက၊ ဂိုဒေါင်ထဲက ၊ ဆိုင်တွေထဲက ယိုးဒယားပစ္စည်းတွေ အကုန်လုံးပါသွားတာ။ ကားနဲ့တင်ယူသွားတယ်” ဟု မော်လမြိုင်၊ ရတနာထွန်းပွဲရုံတန်းမှ ယိုးဒယားလူသုံးကုန်များ ရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက နိုင်ငံခြားသုံးငွေ သုံးစွဲမှု လျှော့ချနေရသဖြင့် သွင်းကုန်အများစုကို ကန့်သတ်ထားရကြောင်း၊ ယင်းအခြေအနေအပေါ် မူတည်၍ ပြည်တွင်းတွင် လိုအပ်နေသော သွင်းကုန်များကို နယ်စ ပ်ဒေသများမှတစ်ဆင့် တရားမဝင် တင်သွင်းလာနေကြောင်း၊ ထိုသို့ တင်သွင်းမှုများကို တားဆီး ဖမ်းဆီးစစ်ဆေးရမည်ဖြစ်ကြောင်း အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

  1. ဩော်, တော်​လဲတော်ကြပါပေ့တယ်
    လုပ်လိုက်​ရင်တော့​ သောက်တလွဲ​တွေ​ချည့်ပဲ ပြည်သူ​လူထု​ကိုဘယ်လိုဒုက္ခပေးရမလဲဆိုတာကိုပဲ လုပ်တတ်တယ် ကုန်သည်ကြီးတွေကတော့ ငွေကြေးချမ်းသာလို့ ဂိုဒေါင်​တခုလုံးသိမ်းလို့လည်းဘာမှမဖြစ်ပါဘူး ခံရမှာအခြေခံလူတန်းစားတွေပါပဲ ကုန်ပစ္စည်းတွေပဲ​ ပိုတက် ပိုဈေးကြီးလာမှာပဲ သူတို့သိမ်းသွားတဲ့ကုန်ပစ္စည်းတွေဟာလည်း ဈေး​ကွက်​ထဲ​ကို​ စစ်တပ်ကြားပွဲစားကတဆင့် ရောက်လာမှာပဲ အကောက်ခွန်သူခိုးကုန်သည်တွေထံမှ သူခိုးဓါးပြကြီးတွေက ဓါးပြတိုက်လုယူပွဲပါပဲ
    လက္ဖုတ်ယက်စိုးဝင်း​က​ သူ့ရဲ့အောင်ဇေယျစစ်ကြောင်းက ဒေါနတောင်ကိုမကျော်နိုင်တာနဲ့ မြဝတီကိုမရောက်တော့ဘူးဆိုတာကိုသိလို့
    ကဲ​ မော်လမြိုင်ကို ပြန်ဆင်းပြီး လုယက်​ဓါးပြတိုက်လိုက်ကြဆိုပြီးအမိန့်ပေး လုခိုင်းလိုက်တာပါပဲ
    အကြမ်းဖက်​သူခိုး​ဓါးပြမုဒိမ်းကောင်ဆိုတာ ဒီ​လိုအလုပ်မျိုးပဲ လုပ်မှာပဲ​

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article