32 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို က ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၆ မိနစ်ခန့်တွင် နို့တကောမြို့နယ်၊ တခကလိုး (ခေါ်) ဝက်ဆီကုန်း ကျေးရွာကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အခြေစိုက်စစ်ဗျူဟာ ခလရ – ၂၈၄ တပ်ရင်း ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းက ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်းသိရှိရသည်။

ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝက်ဆီကုန်းကျေးရွာနေ နော်အဲ့ခူ အသက် ၁၀ နှစ် နှင့် ဦးပန်းမြိုင် အသက် ၆၄ နှစ် တို့ ထိမှန် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ် အရွယ် ဂေလော်အဲ့ စိုးရိမ် ဒဏ်ရာဖြင့် ဆေးကုသခံယူနေရပြီး အသက် ၁၇နှစ်အရွယ် မလှထွန်း ကျည်စအနည်းငယ် ထိမှန် ဒဏ်ရာများဖြင့် ဆေးကုမှု ခံယူနေရကြောင်း သိရသည်။

KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်လျက်ရှိနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး နှင့် လေယာဥ်များဖြင့် အသုံးပြု၍ တိုက်ပွဲဖြစ်ပွားခြင်းများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြစ်မဲ့ ပြည်သူနေ ကျေးရွာများသို့ ရမ်းသမ်း၍ သော်လည်း ကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း ဗုံးကျဲ ပစ်ခတ်မှုများရှိနေကြောင်း ထိုပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ချို့ ထိမှန်ခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲပစ်ခတ်မှုကြောင့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article