23 C
Yangon

စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ကူညီမှုက မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု အဖြစ် ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ကူညီမှုက မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပင်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေးပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံ၏ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေး ကော်မတီ (စတုတ္ထကော်မတီ) အထွေထွေမူဝါဒေရေးရာအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မြန်မာပြည်သူများအနေဖြင့် စစ်တပ်မှပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း၊ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာ ပြည်သူများနည်းတူ ကန့်ကွက်ရန် တောင်းဆိုကြောင်း၊ စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ကို ကူညီမှုသည် မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်း ဖြစ် ကြောင်း သံအမတ်ကြီးက သတိပေးပြောဆိုသည်။

မြန်မာပြည်သူများ ဉီးဆောင်သည့်၊ မြန်မာပြည်သူများ ပိုင်ဆိုင်သည့် ရေရှည်တည်မြဲသည့် အဖြေဖြစ်ရန်မှာ ပြည်သူ့တို့၏ အသံ၊ ဆန္ဒနှင့် အကျိုးစီးပွားကိုဗဟိုပြုသည့်၊ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့် လုပ်ဆောင်မှု မှ စတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရေးအတွက် သေချာမှုရှိနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ပြည်သူအားလုံး ၎င်းတို့၏ကိုယ်ပိုင်ဆုံး ဖြတ်ပိုင်ခွင့်၊ ဒီမိုကရေစီနှင့် တန်းတူညီမျှမှုဆိုင်ရာအခြေခံအခွင့်အရေးများ အားလုံးခံစားနိုင်မည့် အနာဂတ်များရှိကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းတွင် စစ်အာဏာရှင်စနစ်သည် မည်သည့်နေရာ အခန်း ကဏ္ဍတွင်မှ ပါဝင်မှု မရှိကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အဓိကကျသော မူဝါဒတစ်ရပ်ဖြစ်ပြီး၊ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း တရားမဝင် အာဏာသိမ်း စစ်ကောင်စီ မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတသည့် အားလုံးပါဝင်သော ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည် မဟုတ်သည်မှာ သေချာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဒီမိုကရေစီကျသော၊ တရားမျှတသော၊ တာဝန်ယူမှုတာဝန်ခံမှုရှိသော အဖွဲ့အစည်းတစ်ခု မျှ မရှိခြင်း၊ခိုင်လုံ သောအကြောင်းပြချက်မရှိဘဲ နိုင်ငံရေးပါတီကြီးများကို ဖျက်သိမ်းပြီးနောက် စစ်မှန်သော ပါတီစုံစနစ် ကင်းမဲ့ခြင်းနှင့် နိုင်ငံ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ များအား စစ်တပ်မှ မတရားဖမ်းဆီး ထောင်ချထားခြင်း၊ စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်းတွင်တည်ငြိမ်မှုမရှိခြင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ ဒေသအများစုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိခြင်း၊ တော်လှန်ရေးအင်အားစုများမှ နိုင်ငံအနှံ့ထိန်းချုပ်နယ်မြေများ ပိုမိုထိန်းချုပ်လာနိုင်နေ ခြင်း၊ အတင်းအကျပ်ကောက်ခံနေသည့် သန်းခေါင် စာရင်းအချက်အလက်များသည် လုံခြုံ စိတ်ချရမှုကင်းမဲ့နေပြီး၊ စစ်တပ်မှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား စောင့်ကြပ်မှုပြုလုပ်ရန်အတွက် အသုံးချ နိုင်ခြေရှိနေခြင်း၊ စစ်ကောင်စီသည် တရားဝင်မှုအလျဉ်းမရှိဘဲ၊ မြန်မာပြည်သူများ၏ လက်ခံမှု၊ ယုံကြည်မှု မရှိခြင်းများဖြစ်ပေါ်နေကြောင်း ၎င်းက ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ ရှင်းပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးနှင့် ညီလာခံများတွင် မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်၏ အကြမ်းဖက် သတ်ဖြတ်မှုများ၊ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများ ဒုက္ခကြုံနေရ၍ နိုင်ငံတကာက အရေးယူရန် အခြေအနေများကို မကြာခဏဆိုသလို ကြိမ်ဖန်များစွာရှင်းလင်းပြောဆိုနေသော်လည်း နိုင်ငံတကာနှင့် ကုလသမဂ္ဂက တစ်စုံ တစ်ရာ အရေးယူမရှိဘဲ တိတ်ဆိတ်လျက်ရှိသဖြင့် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း အမေရိကန် အပါအဝင် ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article