30 C
Yangon

သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိနေကာ စခန်းအလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းရှိ အနန်းကွင်းဗျူဟာစစ်ကောင်စီစခန်းကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အန်းကွင်းဗျူဟာစခန်းနှင့် စွယ်တော်ကုန်း ဗျူဟာစခန်းတို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီး စွယ်တော်ကုန်းဗျူဟာစစ်စခန်းမှာ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ အနန်းကွင်းဗျူဟာ စစ်စခန်းကိုမူ တစ်ဝက်နီးပါးရရှိထားပြီး ဖြစ်ကြောင်း၊ အနန်းကွင်းဗျူဟာ စစ်စခန်းသည် KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းကြီးဖြစ်ကြောင်း သိရှိရသည်။

” အနန်းကွင်းဗျူဟာစခန်းက KNU တပ်မဟာ ၆ အတွင်းမှာ နောက်ဆုံးလက်ကျန်စခန်းတွေထဲက အင်အားကြီး ဗျူဟာစစ်စခန်းတခုဖြစ်ပါတယ်။ လေ့ကေ့ကော်၊ စွယ်တော်ကုန်း ဗျူဟာစခန်းနဲ့ အနန်းကွင်း ဗျူဟာစခန်းကို KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်ခဲ့တာပါ။ စွယ်တော်ကုန်းကတော့ ဒီမနက်ရပါပြီ။ အနန်းကွင်းဗျူဟာစခန်းမှာလည်း ရန်သူသေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူတွေများပြားပါတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော အနန်းကွင်းဗျူဟာစခန်းကို အလုံးစုံ သိမ်းပိုက်ခြင်းမရှိသေးသော်လည်း တစ်ဝက်ကျော် သိမ်းပိုက်ရရှိနေပြီဖြစ်ကြောင်း၊ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

“အနန်းကွင်းက တစ်ဝက်ကျော်ကျော် လူရောလက်နက်ရောရနေပြီ ပိတ်ပြီးလုံးနေတုန်းပဲ။ စွယ် တော်ကုန်းနဲ့ အနန်းကွင်းဗျူဟာက နောက်ဆုံး အင်အားကြီးဗျူဟာပဲ။ ကျန်တာတွေက ဝေါလေဘက်ကစခန်းလေးတွေနဲ့ မြို့သိမ်းတာတွေပဲဆက်လုပ်ဖို့ ရှိတော့မယ်” ဟု KNLA တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးစစ်ကြောင်းရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးစစ်ကြောင်းရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article